Message from the Site Founder
Myanmar Webmaster မှ လှိုက်လှဲစွာကြိုဆိုပါတယ်။
ဒီ Website အတွင်းမှာ မြန်မာ Website ရေးသားသူများအတွက် လွယ်ကူစွာ တိုက်ရိုက်ရယူထည့်သွင်းအသုံးချနိုင်မယ့် Source Code တွေ၊
Sample လေးတွေ၊ Software တွေကို မြန်မာလိုရှင်းလင်းချက်များအပါအ၀င် သင်နဲ့ကျွန်ုပ်တို့ အတူလက်တွဲလေ့လာကြရအောင်ပါ။
ရည်ရွယ်ချက်ကတော့ မြန်မာ Website ရေးသားသူများအနေနဲ့ မိမိတို့ လက်ရှိကျွမ်းကျင်တတ်မြောက်သိရှိပြီးသား နည်းပညာများအပေါ်မှာ ကျွန်တော်တို့ စုဆောင်းတင်ပြထားတာလေးတွေနဲ့ပေါင်းစပ်ကာ လိုအပ်သလို ထည့်သွင်းအသုံးချခြင်းအားဖြင့် ပိုမိုသေသပ်ကောင်းမွန်သော Website များ ဖန်တီးတည်ဆောက်နိုင်စေဖို့ပါ။
ဒီလိုပြောလို့ ကျွန်တော်တို့ဟာ မိတ်ဆွေတို့ထက် အရာရာ ပိုမိုသိရှိတတ်ကျွမ်းနေပြီးသားလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။
သင်သည်လည်း ကျွန်တော်တို့ထက် ပိုမိုလေ့လာတတ်မြောက်ထားသူ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
လိုအပ်နေသူတွေအတွက် မျှဝေပေးချင်တဲ့ ဆန္ဒအမှန်သာ အခြေခံဖြစ်ကြောင်း တင်ပြလိုပါတယ်။
သေချာတာတစ်ခုကတော့ ကျွန်တော်တို့ Myanmar Webmaster အဖွဲ့သားများဟာ Web Technology နယ်ပယ်အတွင်းမှာ
မိမိတတ်ကျွမ်းနားလည်ရာ ပညာရပ်များနဲ့ နေထိုင်၊ လုပ်ကိုင်၊ အသက်မွေးနေသူများဖြစ်ကြပါတယ်။
သင့်အနေနဲ့လည်း ကိုယ်တိုင် အသုံးချနေတဲ့ Web Technologies များကို ပြန်လည်မျှဝေလိုတဲ့ဆန္ဒရှိခဲ့မယ်ဆိုရင်
လေးလေးစားစား ဖော်ပြပေးသွားမှာဖြစ်ကြောင်း အသိပေးပါရစေ ...။
![]() |
Leave Your Comment! |
HTML5 and CSS3
ကျွန်တော်တို့ အဓိကထားပြီးဖော်ပြချင်တာက HTML5 နဲ့ CSS3 အကြောင်းဖြစ်ပါတယ်။
HTML5 ဆိုပေမယ့် ယခုလက်ရှိ အဓိကအသုံးပြုနေဆဲ HTML 4.01 ကိုလည်း တစ်ပါတည်း ထည့်သွင်းသွားမှာပါ။
HTML5 နဲ့ HTML 4.01 ကွာခြားချက်လေးတွေ၊ ကွဲလွဲချက်လေးတွေ၊ HTML5 မှာ valid မဖြစ်တော့တဲ့ Tag တွေနဲ့ HTML5 ရဲ့Tag အသစ်တွေကို နှိုင်းယှဉ် ဖော်ပြသွားမှာပါ။
HTML5 နဲ့အတူ တစ်ဆက်တည်း လေ့လာရမှာက CSS3 ပါ။
CSS3 မှာဆိုရင် ယခင် CSS2 ထက် ပိုမိုပြည့်စုံကောင်းမွန်တဲ့ properties တွေ အသုံးချနိုင်မှာပါ။
border style properties တွေ၊ shadow style properties တွေ၊ transforming & transition style properties တွေနဲ့ Webpage များကို ပိုမိုလှပစွာ ရေးဖွဲ့နိုင်ပါတယ်။

